We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will cut through the historically inportant town of mrauk-U in Arakan Kingdom. Contact: alrevelation@gmail.com

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Saturday, April 21, 2012

စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ

မောင်အေး
----------
ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။


Mrauk-U-Damages ၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။

စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။

ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။

မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။

" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။


----------------------------------
.: နိရဉ္စရာ

Tuesday, January 3, 2012

President and Mrs. Bush Meet with Ashun Kovida

September 23, 2008



Ashun Kovida, an Arakanese Monk who is native birth in Ann, was invited to a Freedom Agenda lunch with President Bush on September 23, 2008 on Governors' Island during the UN General Assembly meetings in New York.

The lunch had brought together democratic luminaries and democratic activists from repressive regimes of Burma and provided them with an opportunity to recount how they triumphed over tyranny, share lessons learned and made recommendations to advance liberty more effectively.

The event included a photo opportunity with the President after the event, there were attending only 16 people including the President and his staff during the lunch.

This event was organized by The National Security Council(NSC), which specifically requested to Ashun Kovida as one who attandended as due to his role in Burma's Saffron protests in October 2007.

Source; Ashun Kovida

Friday, January 7, 2011

ALA သို့ဂုဏ်ပြုခြင်း (သို့မဟုတ်) တော်လှန်စစ်ပွဲတိုင်း တရားသည်

၂၀၁၁ ခု ဇန်န၀ါ ပလ ၃ ရက်နေ့ကပေါ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် လက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင်ဖေါ်ပြသည် ဆိုသော သတင်းကို ဖတ်လိုက်ရတော့ ရင်ထဲတွင် ကျေနပ်လိုက်သောဖြစ်ခြင်း၊ ခုန်ပေါက်ရလောက်အောင် ကျေနပ်မိသည်။

ကျနော်သည်ရခိုင်လူမျိုးဖြစ်သည်၊အမျိုးကိုချစ်သည်။နှစ်ပေါင်း၂၀၀ကျော်အလွန်ကရခိုင်နိုင်ငံတော်ကိုမတရား သိမ်းပိုက်ကာ ထီးနန်းနှင့်အတူ မြို့တော်ကို မီးလောင်တိုက်သွင်းခဲ့သည့် အဖြစ်၊ရခိုင်အမျိုးသမီး မြောက်များစွာကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည်။လင်ကောင်မပေါ်ပဲ သားမွေးစေခဲ့သည်...ရခိုင်သူများကို အတင်းအဓမ္မဖျက်ဆီးနေပုံများကို ပန်းချီ ပန်းပုများဖြင့် တမင်ဟန်ရေးပြ..ဂုဏ်ယူနေကြဆဲပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုလိုနီစနစ်နိဂုံးချုပ်ခဲပြီးဖြစ်သော်လည်း ရခိုင်နိုင်ငံတော်သည် ကျွန်ပုန်းကိုလိုနီ ဖြစ်နေရဆဲပင်။

မိမိ၏ဘ၀သရုပ်မှန်ကို သိအောင်ကြိုးစားသူများကို အကျည်းချ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းများကို ခေါင်းမဖေါ်ဝံ့လောက်အောင် ရက်ရက်စက်စက် လုပ်ပြနေဆဲပင်ဖြစ်သည်။ ရာသက်ပန် အ,မနာပ ပြုနေသော အရာ ခပ်သိမ်းသည် ကျန်ုပ်ရင်သို့ အဆက်မပြတ် ထိုးဖေါက်ဝင်ရောက်နေသောအခါ ကျန်ုပ်သည် ငြိမ်းချမ်း၍ ခွင့်လွှတ်ခြင်း သက်သက် ထားရန်မည်သို့မျှ မကြိုးစားနိုင်တော့ပေ။ မည်သည့် အချိန်၌မဆိုတုန့်ပြန်ချေပ လိုသောဆန္ဒကရက်ရှိသရွေ့တိုး၍သာလာတိုင်းတောက်ခေါက်ရသောအချိန်ပေါင်းများစွာတို့မှာလဲ ရေတွက် ရန်ပင်ခက်ခဲ့လှပါဘိ၊ထို့ကြောင့် ALA ရဲဘော်များ တိုက်ခိုက်ခဲ့သော သတင်း၊ရဲဘော်ခိုင်မြ၀င်းအသက်စွန့် လျှက် အမျိုးသားတာဝန်ကျေပွန်ခဲ့သော သတင်းများသည်ဂုဏ်ယူခြင်း၊ အားရခြင်းများဖြင့် ရင်ကိုကြက်သီး ဖြန်းဖြန်း ထစေခဲ့ခြင်းပင်ဖြစ်သည်။

ရခိုင်သည် နယ်စွန်နယ်ဖျားပြည်ငယ်တခုမဟုတ်၊နိုင်ငံတခုဖြစ်သည်။ငယ်သည်ကိုမပြောနှင့်စင်္ကာပူသော်မှ နိုင်ငံဟူ၍ ခံယူထားလျှင် ရခိုင်သည် ပို၍ ခံယူအပ်ပေသည်။ ပို၍ ထိုက်တန်ပေသည်။သို့သော် ကျန်ုပ်တို့ ဘ၀ကို ကျန်ုပ်တို့ကလွဲ၍ မည်သူမျှ တိတိကျကျ မခံစားနိုင် နားမလည်နိုင်သောကြောင့် မည်သူမျှ ကူညီ စောင်မရန် အလေးအနက် မရှိပေ၊ နိုင်ငံသားများမှာ သူများအိမ်တွင် အဖီဆွဲနေရသူများသာသာ ဖြစ်နေရပြီ။ အမှန်မှာ စပါးရှင်ကို မျောက်နှင် ထားခြင်းသာဖြစ်သည်။ ကမ္ဘာကို ရွာကြီးလုပ်၍ ဒိုင်လူကြီး လုပ် နေကြသော ယူအန် အပါဝင် မဟာကရုဏာရှင်များ အပေါင်းတို့သည်လည်း ခေတ်သစ်ယဉ်ကျေးမှု ဝေါးဟာရမျးဖြင့်ဖွဲ့စည်းထားသော ရွှေရည်စိမ်ဝါကျ များကို အရပ်လေးမျက်နှာကြည့်ကာ အလိုက်တသိ ရွက်ဆိုနေကြသောကြောင့် ရခိုင်နိုင်ငံနှင့် ရခိုင်နိုင်ငံကဲ့သို့သော ကျွန်ပုန်းကိုလိုနီနိုင်ငံများ လူမျိုးနွယ်စုများသည် လွတ်လပ်သော အရသာကို မခံစားရသေးပေ။ ဤသည်မှာ တရားပါ၏လော...ကိုလိုနီ ကျွန်ပုန်းဘ၀ဖြင့် မည်သည့် အချိန်ထိတိုင်အောင် ငရဲဒုက္ခဆိုးကို ခံစားနေရဦးမည်နည်း။ မည်သည့်အချိန်ကိုစောင့်၍ လွတ်မြောက် ခွင့်ရပေတော့မည်နည်း။

ကမ္ဘာကြီး နိဂုံးချုပ်တော့မည်အချိန်တွင်မည်သည့်အရာကို စောင့်၍အသက်ရှင်ရမည်နည်း စသောစသော မးခွန်းများသည် ရခိုင်နိုင်ငံနှင့် တခြားတခြားသောနိုင်ငံငယ်များအတွက် အဖြေမဲ့နေဆဲပင်ဖြစ်သည်။ ခေတ် သစ်ယဉ်ကျေးမှု ဝေါဟာရအသစ်တလုံးက အကြမ်းမဖက်သော ငြိမ်းချမ်းရေး တဲ့လေ ဒါပေမဲ့ အကြမ်း ဖက် ခံထားရသူများအတွက် ကာကွယ်ခြင်းအလုပ်ကျတော့မတွင်ကျယ်နိုင်သေး။ မျှော်လင့်ချက်မသေချာသော ရခိုင်နိုင်ငံကဲ့သို့သောနိုင်ငံများအတွက်တိုက်ခိုက်တော်လှန်ခြင်းသည် တခုတည်းသောရွေးချယ်ရမည့်အလုပ် ဖြစ်သည်။ တော်လှန်ရေးဖြင့် လွတ်လပ်လာကြသော နိုင်ငံတော်တော်များတွင် ခေါင်းဆောင် ကောင်းရှိ ကြပေသည်။

ဂန္ဓီကဲ့သို့သောခေါင်းဆောင်များသည် လက်နက်မဲ့ တိုက်သည်။ ဟိုချီမင်းကက်စထရိုကဲ့သို့ခေါင်းဆောင် များက လက်နက်နဲ့တိုက်သည်။ တိုက်ခိုက်ပုံချင်းမတူညီသော်လည်းတော်လှန်ရေးအချင်းချင်းကတော့အတူတူ
ပင်ဖြစ်သည်။ တော်လှန်ရေးသည်အဖိနှိပ်ခံပြည်သူများအတွက် ဖြစ်သည်။မတရားသောအနိုင်ကျင့်ဗိုလ်ကျလိုမှု မဟုတ်၊မတရားမှုများကိုတရားသဖြင့် ရပိုင်ခွင့်ရှိသူများထံသို့ ပြန်လည်ပေးအပ်ရန်ကြိုးစားခြင်းဖြစ်သည်။တဖန်
မိမိဘ၀ကို မိမိပိုင်ဆိုင်ရန် သေချာသော အလျော်အစားလည်းဖြစ်သည်။ ရုန်းထခြင်းဖြစ်၍အလိုဆိုးမပါ၊အကျင့်
ဆိုးအားပျောက်ပျက်လားစေရန် အများအတွက်ရွယ်သောစေတနာကောင်းပင်ဖြစ်သည်။ ထို့ကြောင့်တော်လှန်
သောစစ်ပဲတိုင်း တရားသည်ဟုကျန်ုပ်ယုံကြည်သည်။ကျွန်ပုန်းကိုလိုနီစနစ်ဆိုးအား တိုက်ခိုက်သူမည်သူ့ကိုမဆို ကျန်ုပ်ထောက်ခံသည် အသက်၊သွေး၊ချွေး စတေးခဲ့ကြသူ အာဇာနည် ရဲဘော် ရဲမယ်များ အားလုံးကိုလဲ ကျန်ုပ် ဦးညွတ် အလေးပြုသည်။ တော်လှန်တိုက်ခိုက်မှုအားလဲကျနုပ်ဂုဏ်ပြုသည်။ အဘယ့်ကြောင့်ဆိုသော်ကိုလိုနီ စနစ်ဆိုးအား မြေလှန်သော တော်လှန်ရေးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ကနုပ်ပြောရဲသည်‘‘တော်လှန်စစ်ပွဲတိုင်းတရားသည်‘‘

သို့သော်.........သည်းခံခြင်းဖြင့်ငြိမ်းချမ်းရေးသက်တမ်းရှည်လျှားနေမည်ဟုဆိုလျှင် တော့ကျန်ုပ်သည် အမှန်ပင် လက်နက်ကိုင်တိုက်ခိုက်ခြင်းကို မလိုလားသူပင်ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင်တော့ ကျန်ုပ်သည် တိုက်ပွဲဆင်နေဦးမည်ဖြစ်သည တော်လှန်တိုက်ပွဲတိုင်းသည်လည်း ကျန်ုပ်အတွက်တရားမျှတနေပေ ဦးမည်။ တကယ်ကိုတရားမျှတ နေပေဦးမည်။

-------------
လင်းဇံ

Monday, January 3, 2011

Arakanese Demand Decolonization at UN Office in New York

Dhaka: Around 30 Arakanese gathered to stage a protest in front of the UN building in New York, USA, on the anniversary of the fall of Arakanese sovereignty on 31 December, 2010, demanding that their land be decolonized by Burma. 
Free-Arakan-in-New-York
Ko Hla Htay, who is an organizer of the event, said, "Arakan was a sovereign country until 1784, when the Burmese king invaded. Since then, our people have fallen in one colony after another. Even though Burma regained independence in 1948, our land is still a colony under Burmese rulers. Our people call it a hidden colony. Because of this, we came to in front of the UN building to demand decolonization of our land." Replying to Narinjara's question about why they claim Arakan is a colony, he said, "We have no right to learn our own literature or history, nor any rights to preserve our cultural heritage ourselves. We have neither human rights nor nationality under the current military government, There is no self-determination for our people despite that we have our own land and our own nationality. The facts are enough to tell that the state of Arakan is now a colony in Burma." 

The Burmese central government has deprived Arakanese of all rights in order to monopolize the state since Burma gained independence. Arakanese people have no right to carry out their fate themselves. Many Arakanese strongly believe that independence was not for Arakan, but only for Burman people, because the British transferred administration of the state directly to Burman rulers. 
"We know the UN declared on 14 December 1960 that there were no more colonies around the world, but our people are still under the colonization of Burma. So we demanded the UN to wipe out the colony system in Burma in accordance with its declaration," Ko Hla Htay said. 

The Arakanese staged the protest in front of the UN under the name of the Arakan Freedom Movement committee, which was formed by some Arakanese people living in the USA. 

U Khine Aung Kyaw, who is also an Arakanese patriot that joined the protest, said, "Demanding the UN to decolonize is right and correct because Arakan is now a colony. There have been no rights for Arakanese people since Arakan lost its independence. Today is the 226th anniversary of the fall of Arakanese sovereignty. We have a right to demand decolonization at the UN." 

During the gathering for the protest in front of the UN building, some prominent Arakanese leaders, including Dr. Aye Kyaw, delivered a speech about the current situation of Arakan as well as the history of Arakan. 

After the protest, the Arakanese Freedom Movement committee send an appeal letter to UN Secretary General Ban Ki-Moon, the US government, the European Union, and other related offices around the world, demanding decolonization. 
Ko Ba Khin, who is also an organizer of the protest, said, "We described in the letter the present situation of Arakan under the Burmese junta. We want the world leaders to know about our people's condition and how much they are suffering under the current military junta. We are satisfied with our activities because we can send our letter to world leaders during the day of mourning for the loss of our sovereignty. We believe our program was ended successfully." 

This is the first time Arakanese people have staged such a demonstration and demanded decolonization in front of the UN in New York. 

Arakan State was an independent country from nearly 3225 BCE to 1784 CE, when the Burmese king, Bodaw Phaya, invaded and occupied the kingdom. Since then Arakan has been continually ruled by other powers - passing under British rule and Japanese rule for a short period before becoming part of an independent Burma in 1948. 


Tuesday, December 28, 2010

မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ၀ ကျရောက်

ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှုံးနေကြရကြောင်း သိရသည်။


Apuk-Wa-Buter
အမည်မဖေါ်လိုသူ ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တဦးက သူ့တွင် ဘိုးဘွားလက်ကတည်းက ပိုင်ဆိုင်လာခဲ့သော လယ် ၆ ဧကတွင် ၃ ဧကမှာ ရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။

“ မိဖ လက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်။ ၆ ကမှာ ရထားလမ်းကြောင်း ၃ ဧက ဆုံးရှံးသွားပါတယ်။ တပြားတချပ်မှ လျော်ကြေး မပေးသလို လယ်လည်း အစား မပေးပါဘူး။ ဘာမှ လျော်ကြေး မပေးတဲ့ အပြင် မိမိလယ်မြေကို ဖြတ်ပြီး ရထားလမ်းဖေါက်မယ်ဆိုတာကိုလည်း အကြောင်းကြားတာ မရှိပါဘူး။ လယ်ကွင်းပေါ်မှာ အလံနီ တိုင်လေးတွေ စိုက်ထူထားတာကို မြင်ပီးမှ ငါ့လယ်ကို သူတို့ရထားလမ်း ဖြတ်ဖေါက်တော့မယ်ဆိုတာကို သိရပါတယ်။” ဟု ပြောသည်။

ယခု အခါ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော ရထားလမ်းကို အပိုင်းလိုက် တစ်ခုပြီး တစ်ခု ဖေါက်လုပ်နေရာ ဒီဇင်္ဘာလဆန်းမှ စတင်ပြီး ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖေါက်လုပ်နေကြောင်း သိရသည်။

ယခုကဲ့သို့ လယ်မြေများကို လျော်ကြေး တစုံတရာ မပေးဘဲ ဖြတ်ဖေါက်သဖြင့် ကျောက်တော်မြို့နယ်မှ လမ်းမတော်၊ သရက်တပင်၊ ညောင်ချောင်း၊ ဒေါင်းတောင်ယိုးစသည့် ကျေးရွာများမှ လယ်သမားများ အနေဖြင့် ၎င်းတို့ပိုင် လယ်မြေများကို ဆုံးရှုံးနေကြရသည်။

၎င်းပြင် ရထားဖေါက်လုပ်သည့် ကုမ္ပဏီများမှ ဒေသခံ ရခိုင်လယ်သမားများကို နိုင်ထက်စီးနှင်း ပြုလုပ်မူများလည်း ရှိနေကြောင်း သူက ပြောသည်။

“ လယ်တွေက စပါးရိတ်သိမ်းလို့ မပီးသေးဘူး။ ဒါကို သုံးရက်နဲ့ အပီးရိတ်ရမယ်။ မရိတ်ရင် အကုန်လုံးကို မြေတူးစက်တွေနဲ့ ဖြိုတူးပစ်မယ်ဆိုပီး ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။ အခု ကျွန်တော်တို့ ဒေသမှာ စပါးရိတ် အလုပ်သမားတွေ အရမ်းရှားပါတယ်။ ဒါပြင် တချို့ စပါးတွေဆိုရင် မိုးတွေရွာထားခဲ့တဲ့ အတွက် မခြောက်ဘဲ ဖြစ်နေတယ်။ သူတို့က ခုလို အမိန့်ထုတ်တော့ မပီး ပီးအောင်ရိတ်ရပါတယ်။ ကျွန်တော်တို့ ဒေသမှာ စစ်တပ်က လူထုတွေကို မတရား အနိုင်ကျင့်ထားတွေ ရှိတဲ့ အတွက် ဘယ်သူကမှ ပြန်မပြော ရဲကြဘဲ ဖြစ်နေပါတယ်။ အကုန်လုံး ခေါင်းငုံ့ခံနေကြရပါတယ်။”

Railroad
၎င်းပြင် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် လယ်သမား တစ်ဦးကလည်း လယ်မြေများ ဆုံးရှုံးသွားသဖြင့် အသက်ရှင်လိုစိတ် မရှိဘဲ မြန်မြန်သေဖို့ ဆုတောင်းနေကြောင်း နိရဉ္စရာသို့ ပြောသည်။

“ဦးလေးမှာ လယ်သုံးဧက ရှိပါတယ်။ ရထားလမ်းဖေါက်တော့ တဧကခွဲပါသွားခဲ့ပါတယ်။ ကျန်တဲ့ တဧကခွဲနဲ့ မိသားစု ၆ ဦး ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူး။ ဘယ်နေ့ သေမင်းခေါ်မလဲဆိုတာကိုဘဲ မျှော်နေပါတယ်။ အရင်သေရင် အရင်ဝဋ်ကျွတ်တယ်လို့ဘဲ အောက်မေ့မိပါတယ်။”

ယခုကဲ့သို့ လယ်မြေများကို လက်လွတ်ဆုံးရှုံးနေကြသူများမှာ ကျောက်တော်မြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ရထားလမ်း ဖြတ်သန်းရာ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်း မြို့နယ် တိုင်းတွင် ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးကလည်း လက်ရှိ ဖေါက်လုပ်နေသော ရထားလမ်းကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် လယ်ဧက ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး အဆိုပါ လယ်မြေများအတွက် အာဏာပိုင်များက တစုံတရာ လျော်ကြေး မရကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ရထားလမ်းကြောင့် လယ်ယာမြေများ ဆုံးရှုံးနေသည့် အပြင် ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များလည်း အကြီးအကျယ် ပျက်စီးနေသဖြင့် ယခု ဖေါက်လုပ်နေသော ရထားလမ်းကို “ မရဏ ရထားလမ်း” ဟု ဒေသခံ ရခိုင်များက ခေါ်ဆိုနေကြကြောင်း သိရသည်။

ယခင်ကဖေါက်လုပ်ခဲ့သော စစ်တွေ- ရန်ကုန် ကားလမ်း ဖေါက်လုပ်တုန်းကလည်း ရခိုင်လယ်သမားများ အနေဖြင့် လျော်ကြေး တစုံတရာ မရဘဲ လယ်မြေများကို ဆုံးရှံးခဲ့ရသလို အသစ်တပ်စွဲလာသော စစ်တပ် တပ်ရင်း ၆၀ နီးပါးကလည်း ရခိုင်တောင်သူလယ်သမားများပိုင် လယ်မြေဧက အမြောက်အမြားကို စစ်တပ်ပိုင် အဖြစ် သိမ်းပိုက်ထားကြောင်း သိရသည်။


http://www.narinjara.com/detailsbur.asp?id=2943

Farmers Become Landless for Railroad

Kyauk Taw: Many farmers in Arakan have become landless after their farmlands were confiscated without compensation by authorities for the railroad, said farmers.

Apuk-Wa-Buter
A farmer from Kyauk Taw said, "I have six acres of farmlands that are freehold lands. Now I have lost three acres of land for the railroad. I have not received any notice from the government about construction of the railroad over my farmland - I only found out when the construction workers erected several red flags on our farmland for the construction of the track. Many farmers in our area have faced the same problem as me."

At least 3,000 farmlands have been lost by local farmers in Mrauk U and Kyauk Taw Township for the railroad, but they have not been given either other lands nor financial compensation from the government for their lost land.

A 65-year-old farmer from a village in Kyauk Taw said, "I would like to die if possible because one and a half acres out of my total two acres of farmland were lost to the recent railroad construction. I am unable to carry out my family's survival with the remaining half acre of farmland. I have seven members in my family, and most are grandchildren."

The government is now constructing a railroad from Sittwe, the capital of Arakan State, to Ann Town and a major military base there, to be connected with Burma proper through the Burmese town of Min Bu.

Railroad
The authority has confiscated all lands that are situated along the path of the railroad track. The railroad will pass through many townships in Arakan State - Sittwe, Ponna Kyunt, Kyauk Taw, Mrauk U, Min Bya, Mray Bon, and Ann. The farmers from the areas have lost their farmland to the railroad without any compensation.

The military government has propagated through the state-owned media, including TV, radio, and newspapers, that the railroad is intended for the development of Arakan State and to improve communications in the region.

A retired teacher from Tha Yet Ta Pin Village said, "The railroad is built by the government for Arakan State's development, but now the local people of Arakan are suffering with the confiscation of their farmland by local authorities for the railroad. We welcome the railroad construction in the state, but we oppose the land confiscation without any compensation."

The Arakanese farmers have lost many farmlands over the last few years for the highway that runs between Sittwe and Rangoon. Authorities have confiscated many acres of land from local farmers for the highway without compensation. The military has also been confiscating land for the nearly 60 battalions and military bases currently stationed in Arakan State.

http://www.narinjara.com/details.asp?id=2841

ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးမှု ရခိုင်အမျိုးသမီးများ အစည်းအရုံး UNESCO ကို တိုင်ကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်းဖောက်လုပ်မယ့် ရထားလမ်းဟာ ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ဖြစ်တာမို့ ဒါတွေကို တားဆီးပေးဖို့ ပြည်ပအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက UNESCO ကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မြောက်ဦးမြို့နယ်ကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်းဟာ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ရှိနေတာမို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဒါတွေကို တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက ပြီးခဲ့တဲ့ သောကြာနေ့မှာ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက မြောက်ဦးမြို့ခံတွေက ရှေးဟောင်းသုတေသန ဦးစီးဌာနကို တင်ပြ တောင်းဆိုမှုကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်း အမွေအနှစ် တချို့ကို ပြန်လည်ပြင်ဆင်ပေးဖို့၊ ရထားလမ်းကို လမ်းကြောင်း အနည်းငယ်ပြောင်းဖို့ သဘောတူခဲ့တာကြောင့် ယာယီ ပြေလည်မှု ရခဲ့ပါတယ်။
လမ်းကြောင်းပြောင်းတယ် ဆိုပေမဲ့ ဒီလလယ်ပိုင်းမှာ ရခိုင်ရှေးဟောင်းမြို့တော် ဓည၀တီမြို့ဟောင်းကို ဖြတ်ပြီး ဖောက်လုပ်နေတာကြောင့် ဒေသခံတွေက ဆက်လက် ကန့်ကွက်နေကြတာပါ။
နန်းမြို့ရိုး၊ အုတ်တံတိုင်းတွေ ရှိနေဆဲဖြစ်တဲ့ ဓည၀တီနဲ့ ဝေသာလီ မြို့ဟောင်းတွေကို ဖြတ်ပြီးဖောက်မှာမို့ ဒါတွေကို တားဆီးပေးဖို့ UNESCO သို့ မေတ္တာရပ်ခံတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဟာ လူမျိုးတမျိုး တာရှည်တည်တံ့ဖို့ရာအတွက် အင်မတန် အရေးကြီးတဲ့ အရာတွေ ဖြစ်တယ်။ ဒီအဆောက်အဦးတွေကို ဖျက်ဆီးနေတယ်၊ ဆက်တိုက်လည်း ဖျက်ဆီးနေတယ်။ အခုဆို ဓည၀တီမြို့ဟောင်းကို ရောက်လာပြီ။ နောက်ဆို ဝေသာလီကို ရောက်တော့မယ်၊ စသည်အားဖြင့် လုပ်နေတာကို အတတ်နိုင်ဆုံး တားဆီး ကာကွယ်ပေးပါ ဆိုပြီး ကျမတို့အနေနဲ့ မေတ္တာရပ်ခံထားပါတယ်။”
မကြာသေးခင်နှစ်တွေက နိုင်ငံအနှံ့ ကြက်ဆူပင်တွေ စိုက်စဉ်ကလည်း မြောက်ဦးက နန်းတော်ရာဟောင်းမှာ ကြက်ဆူပင်တွေ စိုက်တာကြောင့် ကန့်ကွက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို မထိပါးဖို့ လိုတယ်လို့ ဒေါ်စောမြရာဇာလင်းက ဆက်ပြောပါတယ်။
“ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်မယ် ဆိုရင်လည်း မြို့ဟောင်းနေရာတွေကို ဖြတ်ပြီးတော့မှ၊ ဘုရားစေတီရှိတဲ့ နေရာတွေကို ဖြတ်ပြီး လုပ်ဖို့ မသင့်ပါဘူး။ တခြားနေရာတွေ အများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့ မကြာသေးခင်ကလည်း မင်းပြားမြို့နယ်မှာ စေတီတွေကို ဖျက်ပြီး လမ်းဖောက်တာတွေ ရှိတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးတွေကို မလုပ်သင့်ဘူး။
“သူတို့ ပုဂံမှာဆိုရင် ရှေးဟောင်း အမွေအနှစ်တွေကို ကာကွယ်နေတာ အများကြီးပဲ။ ဒါပေမဲ့ ရခိုင်ပြည်မှာကျတော့ ဒီလို ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးလာတယ် ဆိုတာကျတော့ ကျမတို့ရင်ထဲမှာ ခံစားချက် မကောင်းဘူး။ ကျမတို့ လူထုတွေ တရပ်လုံးကတော့ အသက်နဲ့ရင်းပြီး ဒီဟာတွေကို ကာကွယ်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။”
ဒီလဆန်းပိုင်းကလည်း အမေရိကန် အခြေစိုက် နိုင်ငံတကာ ရခိုင်အသင်းက ဒီကိစ္စအပေါ် UNESCO က ကြားဝင်ပေးဖို့ အကြောင်းကြားခဲ့ပါသေးတယ်။ အလားတူပဲ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီကလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ရှောင်ကွင်းပြီး ဖောက်လုပ်ဖို့ အာဏာပိုင်တွေကို တင်ပြခဲ့ပါတယ်။
UNESCO ဟာ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်ပယ်ကို ကမ္ဘာ့အမွေနှစ်များ စာရင်းထဲမှာ ၁၉၉၆ ခုနှစ်က ထည့်သွင်းခဲ့တာကြောင့် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်အရ အကာအကွယ် ပေးသင့်တယ်လို့လည်း ရခိုင်လူမျိုးတွေက ယုံကြည်နေကြပါတယ်။
http://www.voanews.com/burmese/news/rakhine-unesco-112503304.html

Saturday, December 18, 2010

ရခိုင်ဓည၀တီ မြို့တော်ဟောင်းကို ရထားလမ်း ဖြတ်ဖေါက်ပြီ

ဘီစီ ၆ ရာစုကတည်းက တည်ရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရခိုင် ရှေးဟောင်း မြို့တော် တစ်ခုဖြစ်သည့် ဓည၀တီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း စတင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


NLD ရခိုင်ရှေးဟောင်မြို့ရိုးဂိတ်
အမည်မဖေါ်လိုသူ ရှေးဟောင်း သမိုင်းသုတေသီ တဦးက “ ကျွန်တော် သွားကြည့်တော့ ဓည၀တီ မြို့ဟောင်း အရှေ့ဘက်ကနေ စဖေါက် နေပါတယ်။ နောက်တစ်ရက်ဆိုရင် မြို့ရိုးပေါ်ကို ရောက်ပါလိမ့်မယ်။ အခု မြို့ရိုးပေါ်မှာ လမ်းဖေါက်မယ့် အမှတ်အသားတွေဖြစ်တဲ့ အလံနီ တိုင်လေးတွေကို အူကြောင်း တလျှောက်မှာ စိုက်ထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

တခြား လူစည်ကားရာနေရာများက ရထားလမ်းကို ဖေါက်လုပ်လျှင် ရနိုင်သော်လည်း မဖေါက်လုပ်ဘဲ ဓည၀တီ မြို့တော်ဟောင်းပေါ်မှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း ဖြစ်ကြောင်းသူက ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဓည၀တီမြို့ ဟောင်းပေါ်က ဖြတ်မဖေါက်ဖို့နဲ့ တခြားနေရာက လွဲပြောင်း ဖေါက်လုပ်ဖို့ စာရေးသား တင်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ဘူး။ တခြား ဖေါက်လို့ရတဲ့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့က မဖေါက်ဘူး။ ခုလို လုပ်တာဟာ ရခိုင်ယဉ်ကျေးမူု အမွေအနှစ် တွေကို ဖျက်ဆီးဖို့ သူတို့ အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်တွေ အတွက်သာမက မြန်မာနိုင်ငံ တခုလုံး အတွက် ကြီးမားတဲ့ ဆုံးရှုံးမူကြီး ဖြစ်ပါတယ်။”

ဓည၀တီ မြို့တော်ဟောင်းမှာ ရခိုင်ဘုရင် စန္ဒသူရိယ မင်းထီးနန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး အဆိုပါ ဘုရင်သည် ဘုရားရှင်အား ပင့်ဖိတ်ပြီး ယခုမန္တလေးရှိ မဟာမုနိ အပါအ၀င် တခြား မဟာကျိန်၊ မဟာကျန် ဘုရား ဆင်းတုတော် အများအပြားကို သွန်းလုပ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။

ယခုအချိန်ထိ ဓည၀တီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေကြောင်း သိရသည်။

ယခုရထားလမ်းကြောင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားမည်ကို ရခိုင်အမျိုးသားများက အထူး စိုးရိမ် လျှက်ရှိကြောင်း သိရသည်။

ယခု ဖေါက်လုပ်နေသော ရထားလမ်းသည် ဓည၀တီ မြို့တော်ဟောင်း ကိုသာမက ဝေသာလီ မြို့တော်ဟောင်းကိုပါ ဖြတ်ဖေါက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူရေး ရည်မှန်းချက်ထက် ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်က ပိုရှိနေကြောင်း အများက ခန့်မှန်းပြောဆိုနေကြောင်း သိရသည်။

၎င်းပြင် လက်ရှိဖေါက်လုပ်ထားသော စစ်တွေ-ရန်ကုန် ကားလမ်းမှာ သွားလာ၍ မရအောင် ပျက်စီးနေသော်လည်း ကားလမ်းကို တိုးတက်ကောင်းမွန်အောင် မပြုပြင်ဘဲ နောက်ထပ် ရထားလမ်း တစ်ခုကို ဖေါက်လုပ်လာခြင်းမှာ နောက်ကွယ်က အကြောင်းအရာ များစွာရှိနေကြောင်း စစ်တွေမှ ရဟန်းပျိုတစ်ပါးမှ သုံးသပ် ပြောကြားသည်။
http://www.narinjara.com/detailsbur.asp?id=2923

Monday, December 13, 2010

WAO (USA) Writes Letter to UNESCO to Save the Ancient City of Mrauk U

The World Arakanese Association (USA) has sent an appeal letter to UNESCO through Irina Bokova, Director-General, to save the ancient city of Mrauk U from further destruction at the hands of the Burmese military junta, said Ko Kyaw Htoo Aung, General Secretary of WAO (USA).

He said, "We sent the letter to Irina Bokova, Director-General of UNESCO, on 9 December on behalf of the Arakanese community, of the World Arakanese Organization (USA) on the matter of protecting our ancient city of Mrauk U from further destruction by the Burmese military government. Many ancient heritage sites have been damaged by railroad construction in Mrauk U." 
Many ancient temples, walls, and pagodas in Mrauk U were damaged when the Burmese military authority constructed a portion of a new railway through historic sites in Mrauk U recently. After that, the WAO sent the letter to UNESCO to save Mrauk U from further destruction. 

"UNESCO is the largest organization in the world to protect historic sites globally. Mrauk U is also an ancient historic site in Burma. So we hope UNESCO will protect and save our historic sites. Because of this, our organization wrote the letter to UNESCO," he said. 

According to inside sources, many pagodas, stupas, forts, religious libraries, moats, and city walls were damaged or destroyed in recent construction of the rail track. The historic sites that have been destroyed or damaged so far include: Laung Bwann Brauk, Pagodas on Thazontan Hill, Mungala Manaung Pagoda, Munglar Wall, Khrunkite Wall, Khrunkite Fortress, Praysoegree Pagoda, Mong-Thami Moat, Ahmrunt Taung Fortress, Ray Hla Fortress, Ray Hla Moat, Ray Hla Wall, Para Ouk Pagoda, Mong Khong Shwe Du Pagoda. 

Authorities have now moved the path of the railway to another area after Arakanese people expressed opposition to the original route in a letter to high authorities in Naypyidaw and the department of archaeology. The railway route was moved after two ministers - Transport Minister U Thein Swe and Industry Minister 1 U Aung Thaung - came to Mrauk U in the last week of November to inspect the area. 

However, there are no plans as of yet by the authority to restore the ancient sites that were damaged during the initial railway construction. 

"The heritage in Mrauk U is invaluable not only for our Arakanese people but also others who love antiques and heritage. So we have requested UNESCO and the international community to save our ancient city of Mrauk U from further destruction at the hands of the junta," Kyaw added. 

In the letter the WAO provided information about the ancient city of Mrauk U and Arakan, as follows: 

"Arakanese are one of the indigenous people of Burma (Myanmar) and Arakan became a part of Burma after occupation by the Burmese king in 1784. Mrauk U (Myauk-U) was the last capital of the Mrauk U Kingdom, the most developed and powerful Arakanese kingdom. It was established in 1430 by Kin Min Saw Mon and it grew into a major business hub along the eastern shore of the Bay of Bengal, trading not just with Asian powers but also with European powers such as the Portuguese and the Dutch. During the prosperous times of Mrauk U, the kings, ministers, and peasants built many pagodas and temples for religious purposes and fortresses and moats for security purposes. Now they all are in danger due to the government's railroad project. I understand basic infrastructures such as railroads are the backbone for the growth of the nation and they are extremely needed in poor Burma. However, in this era of construction, any construction project planning requires not only cost and benefits analysis, but also assessment of the impact on environment and historic places. Public comments should also be collected and considered in the planning process. In contrast to the typical standard procedures, the current military government of Burma contracted the project to a construction firm that has no local knowledge whatsoever. 

Twitter Delicious Facebook Digg Stumbleupon Favorites More